• Home
  • >>
  • News
  • >>
  • တရုတ်ခေတ်သစ်ပိုးလမ်းမစီမံကိန်းဖိုရမ် တက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ထွက်ခွာ

တရုတ်ခေတ်သစ်ပိုးလမ်းမစီမံကိန်းဖိုရမ် တက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ထွက်ခွာ

တရုတ်နိုင်ငံမှာ ကျင်းပမယ့် ခေတ်သစ်ပိုးလမ်းမစီမံကိန်း ဖိုရမ် တက်ရောက်ဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို ဒီကနေ့ မနက်ပိုင်းမှာ ထွက်ခွာသွား ပါပြီ။

ဖိုရမ်ကို တော့ ဧပြီလ ၂၅ ရက်ကနေ စတင်ကာ သုံးရက်ကြာ ကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကတော့ ရက်သတ္တပတ် ကြာမြင့်မယ်လို့ သိရပါတယ်။

မြစ်ဆုံစီမံကိန်း ရပ်တန့်ဖို့ ပြည်တွင်းမှာတောင်းဆိုမှုတွေ တဖန်ပြန်ထွက်ပေါ်လာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်ကို နိုင်ငံရေးလေ့လာသူတွေက စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ အပြင် တရုတ်ဝန်ကြီးချုပ်တို့နဲ့ပါ ခရီးစဉ်အတွင်းတွေ့ဆုံဖို့ရှိနေတယ်လို့သိရပါတယ်။

ဒီတွေ့ဆုံမှုတွေမှာတော့ တရုတ် – မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအပြင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ၊ ရခိုင်ပြည်နယ်အရေးနဲ့ မြစ်ဆုံစီမံကိန်း ကိစ္စတွေကိုပါ ဆွေးနွေဖြစ်လိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေက ခန့်မှန်ထားကြပါတယ်။

ဒီကနေ့မနက်ပိုင်းက ထွက်ခွာသွားတဲ့ ခရီးစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပို့ဆောင်ရေးဝန်ကြီး ဦးသန့်စင်မောင် ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ၊ စီးပွားကူးသန်းဒုဝန်ကြီး ဦးအောင်ထူး ၊ စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်တို့ လိုက်ပါသွားတာကိုတွေ့ရပါတယ်။

#crd

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant