Zawgyi version
COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြမွာ ကူညီေဆာင္ရြက္ေပးေနတဲ့ က်န္းမာေရး ေစတနာ့ဝန္ထမ္းေတြကို စီမံကိန္းတစ္ခုေရးဆြဲၿပီး ၾကည့္ရႈေစာင့္ေရွာက္သြားမယ္လို႔ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကေျပာၾကားလိုက္ပါတယ္။
ဧၿပီ(၁၅)ရက္ကျပဳလုပ္တဲ့ COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းေတြမွာ ပါဝင္ ေဆာင္ရြက္ေနတဲ့ ျပည္သူေတြနဲ႔ ေဆြးေႏြးပြဲမွာ အခုလိုေျပာၾကားလိုက္တာပါ။ “Quarantine Center ေတြမွာ တကယ္ကူညီေနတာကေတာ့ ေစတနာ့ဝန္ထမ္းေတြပဲ၊ ဘာလို႔လဲဆို က်န္းမာေရး ဝန္ထမ္း ေတြက မေလာက္ဘူး၊ က်န္းမာေရးဝန္ထမ္းေတြအေနနဲ႔ ၾကာလာတဲ့အခါ အင္မတန္မွလည္း ပင္ပန္း လာတယ္ ေပါ့ေနာ္၊ အဲဒီေတာ့ ေစတနာ့ဝန္ထမ္းေတြကိုလည္း အားကိုးရတယ္ ထပ္ၿပီးေတာ့ ေစတနာ့ ဝန္ထမ္းေတြ လည္းလိုအပ္မယ္၊ ဒါေၾကာင့္မို႔လို႔ နိုင္ငံေတာ္က စီမံကိန္းတစ္ခုအေနနဲ႔ ေစတနာ့ ဝန္ထမ္း ေတြကို ၾကည့္ရႈေစာင့္ေရွာက္ဖို႔ အေမတို႔လုပ္ပါမယ္”လို႔ဆိုပါတယ္။
ေစတနာ့ဝန္ထမ္းေတြအေနနဲ႔ ရပ္ကြက္ေတြထဲကိုသြားၿပီး က်န္းမာေရးေစာင့္ေရွာက္မႈေတြ ျပဳလုပ္ရာမွာ အဝင္မခံတာမ်ိဳးေတြ၊ မလိုလားတာမ်ိဳးေတြ ၾကဳံေနရတယ္လို႔လည္း ပါဝင္ေဆြးေႏြးတဲ့ မြန္ျပည္နယ္ လူမႈကယ္ဆယ္ေရးအဖြဲ႕က ဦးဘိုဘိုဝင္း ကေျပာပါတယ္။ ဒီေဆြးေႏြးမႈနဲ႔ပတ္သက္ၿပီး အတိုင္ပင္ခံ ပုဂၢိဳလ္က ျပန္လည္ေဆြးေႏြးရာမွာေတာ့ “ကိုယ့္အလွည့္သူ႔အလွည့္ဆိုတာရွိၿပီး ဒါကိုျပည္သူေတြ နားလည္ေစခ်င္တယ္၊ သတိထားရမယ္ မွန္ပါတယ္၊ ဒါေပမယ့္ သတိနဲ႔ေၾကာက္တတ္တာနဲ႔မတူဘူး၊ ဒါဟာဆန႔္က်င္ဘက္ပဲ၊ သတိရွိတဲ့လူဟာ ဘယ္ေတာ့မွအစြန္းမေရာက္ဘူး၊ အေၾကာက္တရားလြန္တာ လည္းအစြန္းေရာက္တာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ျပည္သူေတြအေနနဲ႔ ပိုးေတြ႕ရွိသူေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြကို ရာဇဝတ္သားေတြလို မဆက္ဆံဖို႔၊ မမွတ္ယူဖို႔ကိုလည္း အတိုင္ပင္ခံပုဂၢိဳလ္က ေမတၱာရပ္ခံခဲ့ပါတယ္။
Unicode version
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေကို စီမံကိန်းတစ်ခုရေးဆွဲပြီး ကြည့်ရှုစောင့်ရှောက်သွားမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်ပါတယ်။
ဧပြီ(၁၅)ရက်ကပြုလုပ်တဲ့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်နေတဲ့ ပြည်သူတွေနဲ့ ဆွေးနွေးပွဲမှာ အခုလိုပြောကြားလိုက်တာပါ။ “Quarantine Center တွေမှာ တကယ်ကူညီနေတာကတော့ စေတနာ့ဝန်ထမ်းတွေပဲ၊ ဘာလို့လဲဆို ကျန်းမာရေး ဝန်ထမ်း တွေက မလောက်ဘူး၊ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကြာလာတဲ့အခါ အင်မတန်မှလည်း ပင်ပန်း လာတယ် ပေါ့နော်၊ အဲဒီတော့ စေတနာ့ဝန်ထမ်းတွေကိုလည်း အားကိုးရတယ် ထပ်ပြီးတော့ စေတနာ့ ဝန်ထမ်းတွေ လည်းလိုအပ်မယ်၊ ဒါကြောင့်မို့လို့ နိုင်ငံတော်က စီမံကိန်းတစ်ခုအနေနဲ့ စေတနာ့ ဝန်ထမ်း တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ အမေတို့လုပ်ပါမယ်”လို့ဆိုပါတယ်။
စေတနာ့ဝန်ထမ်းတွေအနေနဲ့ ရပ်ကွက်တွေထဲကိုသွားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ရာမှာ အဝင်မခံတာမျိုးတွေ၊ မလိုလားတာမျိုးတွေ ကြုံနေရတယ်လို့လည်း ပါဝင်ဆွေးနွေးတဲ့ မွန်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့က ဦးဘိုဘိုဝင်း ကပြောပါတယ်။ ဒီဆွေးနွေးမှုနဲ့ပတ်သက်ပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြန်လည်ဆွေးနွေးရာမှာတော့ “ကိုယ့်အလှည့်သူ့အလှည့်ဆိုတာရှိပြီး ဒါကိုပြည်သူတွေ နားလည်စေချင်တယ်၊ သတိထားရမယ် မှန်ပါတယ်၊ ဒါပေမယ့် သတိနဲ့ကြောက်တတ်တာနဲ့မတူဘူး၊ ဒါဟာဆန့်ကျင်ဘက်ပဲ၊ သတိရှိတဲ့လူဟာ ဘယ်တော့မှအစွန်းမရောက်ဘူး၊ အကြောက်တရားလွန်တာ လည်းအစွန်းရောက်တာပဲ”လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ ပိုးတွေ့ရှိသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ရာဇဝတ်သားတွေလို မဆက်ဆံဖို့၊ မမှတ်ယူဖို့ကိုလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က မေတ္တာရပ်ခံခဲ့ပါတယ်။
#crd